အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ၂၁.၈.၂၀၂၄ ဗုဒ္ဓဟူးနေ့ တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)၏ ခန်းမတွင်ကျင်းပခဲ့ပါသည်။  လူငယ်စကားဝိုင်း အခမ်းအနား အစီအစဥ်ကို အစိုးရနည်းပညာကောလိပ်(မန္တလေး) ကျောင်းအုပ်ဆရာကြီး ‌ဒေါက်တာထွန်းကျော်မြင့် မှအဖွင့်အမှာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွည်ချက်ကို ရှင်းလင်းပြောကြားပေးပါသည်။ ထို့နောက် “မိန်းကလေးများနှင့်အမျိုးသမီးငယ်များအခန်းကဏ္ဍ” ခေါင်းစဥ်ဖြင့် မကြယ်စင်အောင်၊ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဥ်ဖြင့် မဖြူစဥ်ဝင်းသန့်၊ “လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဥ်ဖြင့် မောင်ဝေဘုန်းမိုး၊ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့် မောင်ရဲမင်းမြတ်၊ “လူငယ်နှင့်နည်းပညာ” ခေါင်းစဥ်ဖြင့် မောင်ထင်ရှားနိုင်၊ “လူငယ်နှင့်အားလပ်ချိန်အသုံးချမှု…

read more

၂၀၂၃-၂၀၂၄ ပညာသင်နှစ် B.Tech ပထမနှစ်ကျောင်းသား၊ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက်ခြင်း အခမ်းအနားကို (၂၂-၁၂-၂၀၂၃)ရက် ‌နေ့တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနား သို့ အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် B.Tech ပထမနှစ်ကျောင်းသား၊ကျောင်းသူများ တက်‌ရောက်ခဲ့ကြသည်။ ပထမဦးစွာ ကျောင်းအုပ်ကြီး ‌ဒေါက်တာထွန်းကျော်မြင့် မှ အဖွင့်အမှာစကားပြောကြားပြီး မြို့ပြအင်ဂျင်နီယာဌာန မှဌာနမှူး ဒေါက်တာ‌ဝေသွယ်အောင်မှ လည်းကောင်း၊ စက်မှုအင်ဂျင်နီယာဌာန မှဌာနမှူး ဦးမြင့်မော်ဦးမှလည်းကောင်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန မှဌာနမှူးဦးရဲလင်းနိုင်မှလည်းကောင်း ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပါသည်။

read more

အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ စက်မှုအင်ဂျင်နီယာဌာန၊ တတိယနှစ်(နောက်ဆုံးနှစ်) ကျောင်းသား/ကျောင်းသူ များ၏ စက်ရုံ၊အလုပ်ရုံများသို့ Industrial Training (၃)လ သွား‌ရောက် ကွင်းဆင်းပြီး သင်ယူလေ့လာခဲ့သည်များကို Power Point Presentation ပြုလုပ်ပြီး ဌာနမှူးနှင့်တကွ ဌာနမှ ဆရာ/ဆရာမများမှ ပြန်လည် ဆွေးနွေး သုံးသပ်ပြခဲ့ပါသည်။

read more

မြန်မာ့ဆက်သွယ်ရေး၊မန္တလေးတိုင်းဒေသကြီးတွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)၊Electronic Engineering သင်တန်းမှ တတိယနှစ်ကျောင်းသူ/သားများ သည် ၁.၃.၂၀၂၃ မှစ၍ စာတွေ့လက်တွေ့သွားရောက်လေ့လာသင်ယူခဲ့ပါသည်။

read more