၂၀၂၃-၂၀၂၄ ပညာသင်နှစ် B.Tech ပထမနှစ်ကျောင်းသား၊ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက်ခြင်း အခမ်းအနားကို (၂၂-၁၂-၂၀၂၃)ရက် ‌နေ့တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနား သို့ အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် B.Tech ပထမနှစ်ကျောင်းသား၊ကျောင်းသူများ တက်‌ရောက်ခဲ့ကြသည်။ ပထမဦးစွာ ကျောင်းအုပ်ကြီး ‌ဒေါက်တာထွန်းကျော်မြင့် မှ အဖွင့်အမှာစကားပြောကြားပြီး မြို့ပြအင်ဂျင်နီယာဌာန မှဌာနမှူး ဒေါက်တာ‌ဝေသွယ်အောင်မှ လည်းကောင်း၊ စက်မှုအင်ဂျင်နီယာဌာန မှဌာနမှူး ဦးမြင့်မော်ဦးမှလည်းကောင်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန မှဌာနမှူးဦးရဲလင်းနိုင်မှလည်းကောင်း ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပါသည်။