စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း

စက်မှုလုပ်ငန်းအင်ဂျင်နီယာဆိုသည်မှာ စနစ်ကိုစီစဉ်ခြင်း၊အကောင်အထည်ဖော်ခြင်းနှင့်ထိန်းချုပ်ခြင်းတို့ပါ၀င်သော အင်ဂျင်နီယာ လုပ်ငန်းဖြစ်သည်။စက်မှုလုပ်ငန်းအင်ဂျင်နီယာသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၌အမှိုက်များကို ဖယ်ရှားရန်နည်းလမ်းများကို ရှာဖွေသည်။ ၎င်းသည် သိပ္ပံ၊ သချ်ာနှင့်အင်ဂျင်နီယာနည်းစနစ်များကိုရှုပ်ထွေးသောစနစ်ပေါင်းစပ်ခြင်းနှင့် လည်ပတ်ခြင်း တို့တွင် အသုံးပြုသည်။

  1. Myanmar
  2. English
  3. Mathematics
  4. Engineering Science
  5. Engineering Mechanics
  6. Workshop Technology
  7. Principles of Electrical & Electronics Technology
  8. Basic Technical Drawing

1. English
2. Operational Management
3. Programmable Logic Controller
4. Computer Numerical Control (CNC)
5. Industrial Automation

1. English

2. Operational Management

3. Programmable Logic Controller

4. Computer Numerical Control (CNC)

5.  Industrial Automation

A.G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ် တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

A.G.T.I (IT) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိတက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက် မွေးနိုင်ကြပါသည်။ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများသည် သတ်မှတ်အရည်အချင်း နှင့် ပြည့်စုံ ပါက နည်းပညာတက္ကသိုလ်များတွင် B.E တတိယနှစ် သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့်ရှိပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများ တွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက်အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ နိုင်ငံအကျိုးအတွက် သော်၎င်း၊ မိမိ၏ မိသားစုများအတွက်သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများ အဖြစ် ကောင်းမွန် စွာရပ်တည်နိုင်ပါသည်။



လက်တွေ့ဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ