သုတနည်းပညာသင်တန်းတွင် ကွန်ပြူတာ အလုပ်လုပ်ပုံနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်များ၊ လိုအပ်သော computer software application များထည့်သွင်း အသုံးပြုတတ်စေရန် ဘာသာရပ်များ၊ computer software များကို ကိုယ်တိုင်‌ရေးသားနိုင်ရန် Programming ဘာသာရပ်များ၊ Internet ချိတ်ဆက်ခြင်းနှင့် LANs (Local Area Network) များကို တည်ဆောက်နိုင်ရန် အတွက် Data Communication and Networking ဘာသာရပ်များ၊ Website များကို ကိုယ်တိုင်ဖန်တီး‌ရေးသားနိုင်ရန် Web design ဘာသာရပ်များ ကိုသင်ကြားပါသည်။

သင်ကြားရမည့်ဘာသာရပ်များ

  1. Myanmar
  2. English
  3. Mathematics
  4. Engineering Science
  5. Engineering Mechanics
  6. Basic Technical Drawing
  7. Computer Technology

 

  1. English
  2. Mathematics
  3. Network Fundamentals
  4. Programming in C++
  5. Web Design

 

  1. English
  2. Advanced Web Development Technologies
  3. Data Communication and Computer Network
  4. Programming in C#

A.G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ် တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

A.G.T.I (IT) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိတက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက် မွေးနိုင်ကြပါသည်။ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများသည် သတ်မှတ်အရည်အချင်း နှင့် ပြည့်စုံ ပါက နည်းပညာတက္ကသိုလ်များတွင် B.E တတိယနှစ် သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့်ရှိပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများ တွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက်အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ နိုင်ငံအကျိုးအတွက် သော်၎င်း၊ မိမိ၏ မိသားစုများအတွက်သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများ အဖြစ် ကောင်းမွန် စွာရပ်တည်နိုင်ပါသည်။

လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ