မြို့ပြအင်ဂျင်နီယာ

မြို့ပြအင်ဂျင်နီယာသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုပညာရပ်တခုဖြစ်ပြီး ၎င်းတွင် ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် သဘာ၀ပတ်၀န်းကျင်တည်ဆောက်ထားသည့်ပါတ်၀န်းကျင်ကို ထိန်းသိမ်းခြင်း၊လမ်း၊တံတား၊ တူးမြောင်းများ၊ရေဆိုးစနစ်၊ပိုက်လိုင်းများ၊အဆောက်အဦများနှင့်ရထားလမ်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ ပါ၀င်ပတ်သက်သည်။

4
  1. Myanmar (Ma11011)
  2. English (E-11011)
  3. Mathematics (M-11011)
  4. Engineering Science (ES-11011)
  5. Engineering Mechanics (ME-11015)
  6. Civil Engineering Drawing (CE-11011)
  7. Building Materials and Construction (CE-11012)
  8. Workshop Practices (CE-11019
  1. English  (E-21011)
  2. Mathematics (M-21011)
  3. Structure ( CE- 21013 )
  4. Building Materials and Construction (CE-21012)
  5. Elementary Surveying (CE- 21011 )
  6. Road & Bridge (CE- 21017 ~22027)
  7. Fluid Mechanics (CE- 21016 )
  8. Civil Engineering Drawing (CE-21012)
  9. Workshop Practices (CE-21019)
  1. English   (E-31011)
  2. Fundamentals of Timber, Steel and Concrete Structure ( CE – 31014 )
  3. Building Service (CE-31018)
  4. Elementary Surveying (CE – 31021 )
  5. Irrigation & Railway (CE- 30026 ~31017)
  6. Estimating and Specification (CE – 31022 )
  7. Reinforced Concrete (CE-31024)
  8. Civil Engineering Drawing (CE-31012)
  9. Workshop Practices (CE-21019)

 

A.G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ် တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

A.G.T.I (Civil) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိ တက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက် မွေးနိုင်ကြပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများတွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက် အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ ဆက်လက်၍ အဆင့်မြင့်သော ပညာများကို ဆည်းပူး၍ လည်း နိုင်ငံအကျိုးအတွက်သော်၎င်း၊ မိမိ၏ မိသားစုများ အတွက် သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများ အဖြစ်ကောင်းမွန်စွာ ရပ်တည်နိုင် ပါသည်။

လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ