စက်မှုအင်ဂျင်နီယာသင်တန်း

စက်မှုအင်ဂျင်နီယာဆိုသည်မှာ အင်ဂျင်နီယာရူပဗေဒ၊သချ်ာ၊သိပ္ပံ၊အခြေခံမူများကို စက်မှုဒီဇိုင်း, ခွဲခြမ်း စိတ်ဖြာမှု၊ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းရန်အတွက် သုံးသည်။စက်မှုအင်ဂျင်နီယာနယ်ပယ်သည် စက်ပြင်၊ဒို င်းနမိုက်၊ အပူစွမ်းအင် သိပ္ပံဘာသာရပ်၊ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လျှပ်စစ်ဓါတ်အားစသည့်အရာများကို နားလည်ရန်လို အပ်သည်။၂၀၁၆ ဒီဇင်ဘာလတွင် စက်မှုလက်မှုသိပ္ပံ(မန္တလေး)တွင် စက်မှုအင်ဂျင်နီယာဌာနကိုပြန်လည် ဖွင့်လှစ်ခဲ့သည်။ သီအိုရီသာမက လက်တွေ့ ကျသော အတန်းဖြစ်ပြီး စိတ်၀င်စားဖွယ်ကောင်းသည်။ ထို့ကြောင့်ပထမနှစ်ကျောင်းသား/သူများသည် စက်မှုအင်ဂျင်နီယာ၏ အခြေခံ အသုံးအနှုန်းများကို သိရှိကြလိမ့်မည်။

4
  1. Myanmar
  2. English
  3. Mathematics
  4. Engineering Science
  5. Workshop Technology
  6. Engineering Mechanics
  7. Principles of Electrical Technology
  8. Engineering Drawing
  1. English
  2. Mathematics
  3. Strength of Materials
  4. Engineering Drawing
  5. Thermodynamics
  6. Internal Combustion Engines
  7. Production Technology
  1. English
  2. Internal Combustion Engines
  3. Automotive Technology
  4. Air-conditioning and Refrigeration
  5. Estimating & Shop Managements
  6. Control Technology
  7. Design of Machine Elements
  8. Fluid Mechanics

A.G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ် တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

A.G.T.I (Civil) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိ တက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက် မွေးနိုင်ကြပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများတွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက် အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ ဆက်လက်၍ အဆင့်မြင့်သော ပညာများကို ဆည်းပူး၍ လည်း နိုင်ငံအကျိုးအတွက်သော်၎င်း၊ မိမိ၏ မိသားစုများ အတွက် သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများ အဖြစ်ကောင်းမွန်စွာ ရပ်တည်နိုင် ပါသည်။

လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ