လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း

Generation, Transmission and Distribution ဘာသာရပ်ကိုသင်ကြားပေးခြင်းဖြင့်လူ့အဖွဲ့အစည်း၏အနာဂတ်လိုအပ်ချက်များနှင့်စိန်ခေါ်မှုများကိုဖြည့်ဆည်းပေးနိုင်စေရန်၊Electrical Wiring Design and Illumination ဘာသာရပ်ကိုကျွမ်းကျင်စွာတတ်မြောက်စေခြင်းဖြင့်စက်ရုံအလုပ်ရုံများနေအိမ်အဆောက်အအုံများအတွက်  Estimate တွက်ထုတ်ပေးခြင်း၊ Wiring Installation အပိုင်းကိုလှပသေသပ်စွာဖန်တီးပေးနိုင်ရန်၊ Industrial Motor Control နှင့် Programmable Logic Control စသည့်ခေတ်မှီနည်းပညာဘာသာရပ်များကိုသင်ယူခြင်းဖြင့်ဆန်းသစ်တီထွင်မှုကိုမြှင့်တင်‌စေ ရန် ၊စက်ရုံအလုပ်ရုံများ၊ လူမှုအဖွဲ့အစည်းများနှင့်ဆက်စပ်၍ နည်းပညာဆိုင်ရာဘာသာရပ်များကိုတတ်မြောက်စေခြင်းဖြင့်အရည်ချင်းပြည့်မှီသောလျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်စေရန်ရည်ရွယ်ပါသည်။

4
  1. Myanmar (Ma11011)
  2. English (E-11011)
  3. Mathematics (M-11011)
  4. Engineering Science (ES-11011)
  5. Engineering Mechanics (ME-11015)
  6. Electrical Engineering Drawing (EP-11011)
  7. Basic Electricity (EP-11011 & EP-12011)
  8. Basic Analog and Digital Electronics (EP-11014 & EP-12014)
  1. English  (E-21011)
  2. Mathematics (M-21011)
  3. Electrical Engineering Circuit Analysis (EP 21011/EP 22011)
  4. Electrical Machines (EP-21021, 22021)
  5. Generation, Transmission & Distribution (EP-21013/ EP-22013 )
  6. Electrical Wiring Design and Illumination (EP 21015/ EP 22015)
  1. English   (E-31011)
  2. Electrical Safety and Protection (EP-31012/ EP-32012)
  3. Transmission and Distribution (EP-31014/ EP-32014)
  4. Electrical Estimating (EP-31015/ EP-32015)
  5. Electrical Machines AC (EP 31022/EP 32022)
  6. Industrial Motor Control and PLC (EP-31011/EP - 32011)

 

A.G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ် တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

A.G.T.I (Civil) ဒီပလိုမာ ရရှိအောင်မြင်သူများသည် သက်ဆိုင်ရာ မိမိ တက်ကျွမ်းသော ပညာရပ်များဖြင့် ဆက်လက် အသက် မွေးနိုင်ကြပါသည်။ ၀န်ကြီးဌာနများ၊ စက်ရုံများတွင်၎င်း၊ ပြည်ပနိုင်ငံများတွင် Technician များအဖြစ်၎င်း သွားရောက် အလုပ် လုပ်ကိုင်နိုင်ကြပါသည်။ ဆက်လက်၍ အဆင့်မြင့်သော ပညာများကို ဆည်းပူး၍ လည်း နိုင်ငံအကျိုးအတွက်သော်၎င်း၊ မိမိ၏ မိသားစုများ အတွက် သော်၎င်း၊ ၀င်ငွေများစွာကို ရှာဖွေပေးနိုင်သော အင်ဂျင်နီယာကောင်းများ အဖြစ်ကောင်းမွန်စွာ ရပ်တည်နိုင် ပါသည်။

လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ