အီလက်ထရောနစ်အင်ဂျင်နီယာဌာန

အီလက်ထရောနစ် အင်ဂျင်နီယာသင်တန်းသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အထူးအောင်မြင်ပြီး သော ကျောင်းသား/သူများ လျှောက်ထားတက်ရောက်နိုင်သည်။ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းပြီးမြောက်အောင်မြင်ပါက ဒီပလိုမာ အောင်လက်မှတ် ပေးအပ်ပါသည်။ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းတွင် လက်တွေ့လုပ်ငန်းခွင် နှင့်ကိုက်ညီသောစာတွေ့/လက်တွေ့ ခေတ်မှီအီလက်ထရောနစ်နည်းပညာများကိုလေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်းမှနိုင်ငံတော်ဖွံဖြိုး တိုးတက်ရေးနှင့်စက်ရုံအလုပ်ရုံများအတွက် အထောက်အကူပြုမည့် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်အီလက်ထရောနစ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ကြိုး ပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ရည်ရွယ်ချက်

  • Electronic Circuit များတည်ဆောက်တတ်စေရန်
  • PCB Design များကိုယ်တိုင်ဆွဲသား တည်ဆောက်တတ်စေရန်
  • အခြေခံကွန်ပျူတာ အကြောင်းအရာများ သိရှိနားလည်ပြီး Electronic Engineering ကောင်းများ အဖြစ် လုပ်ငန်းခွင်အတွင်း အဆင်ပြေစေရန်

မျှော်မှန်းချက်

  • သက်မွေးပညာ နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရန်
  • နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်တတ်စေပြီး လုပ်ငန်းခွင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်

အီလက်ထရောနစ်နည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်တင်နီလာစိုးBE(EC)တွဲဖက်ပါမောက္ခ
ဒေါ်တင်နီလာဝင်းME(EC)ကထိက
ဒေါ်နှင်းနွေးလှိုင်ME(EC)ကထိက
ဒေါ်မျိုးသူဇာဝင်းME(EC)ကထိက
ဦးကျော်စွာဝင်းBE(EC)လ/ထကထိက
ဒေါ်ခင်မိုးမြင့်ME(EC)လ/ထကထိက
ဒေါ်ကံ့ကော်ဦးBE(EC)လ/ထကထိက
ဒေါ်သန်းသန်းဆွေBE(EC)Qလ/ထကထိက
ဒေါ်ဖြိုးသန္တာအောင်B.Tech(EC)စက်မှုကျွမ်းကျင်-၄
၁၀ဒေါ်ထက်ထက်အောင်A.G.T.I(EC)စက်မှုကျွမ်းကျင်-၄