နောက်ခံသမိုင်းကြောင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၅၅ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သည့်တည်နေရာမှလမ်း(၃၀)နှင့် (၃၁)လမ်း ကြား၊(၆၈)လမ်းနှင့်(၇၀)ကြားပတ်ကုန်းပျော်ဘွယ်ရပ်၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး တွင်ဖြစ်ပါသည်။ ၁၉၅၅ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သောအစိုးစက်မှုသိပ္ပံ(မန္တလေး)အား၁၉၉၉ခုနှစ်သြဂုတ်လ(၂၀)နေ့တွင် နည်းပညာကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး အဆိုပါနည်းပညာကောလိပ်ကို ၂၀၀၂ခုနှစ်အောက်တိုဘာလ(၂၂)ရက်နေ့တွင် နည်းပညာက္ကသိုလ်(မန္တလေး) တည်ရှိရာမြေနေရာ အဆောက်အဦးများသို့ပြောင်းရွှေ့ပြီး နည်းပညာတက္ကသိုလ် (မန္တလေး)အဖြစ်ထပ်မံအဆင့်တိုးမြှင့်ခဲ့ပါသည်။ ၁၉၅၅ခုနှစ်တွင် လမ်း(၃၀)၌စတင်ဖွင့်လှစ်ခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၁၉၉၉ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ လည်းကောင်း၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)မှ အစိုးရနည်းပညာတက္ကသိုလ်(မန္တလေး)သို့ လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၉ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့ခြင်းမရှိသော အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)အား ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ(၂၆)ရက်နေ့မှစ၍ (၆၉) လမ်းနှင့်(၇၀)လမ်းကြား၊ (၂၈) လမ်းထောင့်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) အဖြစ် စတင်ဖွင့်လှစ်၍ အင်ဂျင်နီယာဘာရပ်များသင်ကြားခဲ့ပါသည်။ ၂၀၂၂ခုနှစ်ဇွန်လ (၂၉)ရက်နေ့မှစ၍ လမ်း(၇၀)နှင့် (၂၈)လမ်းထောင့်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး) အားအစိုးရနည်းပညာကောလိပ်(မန္တလေး) အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

ရည်မှန်းချက်

  1. ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု နိုင်စေရန်
  2. နိုင်ငံတစ်ဝန်းရှိစက်ရုံ၊ အလုပ်ရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော အရည်အချင်း ပြည့်ဝသောနည်းပညာဘွဲ့ရ (Technologists) များ မွေးထုတ်နိုင်စေရန်

မျှော်မှန်းချက်

  1. ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝေသာ နည်းပညာဘွဲ့ရ (Technologists)များ မွေးထုတ်နိုင်ရန် ရည်ရွယ်ပါသည်။
  2. ထို့ပြင် ပညာရေးထူးချွန်သော နည်းပညာဘွဲ့ရ(Technologists)များအတွက် ဘဝတစ်သက်တာ သင်ကြားမှုအစီအစဉ်အဖြစ် တစ်ဆင့်မြင့်ပညာရေးဖြစ်သည့် မဟာဘွဲ့အင်ဂျင်နီယာ နည်းပညာသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့်ရရှိနိုင်စေရန် မျှော်မှန်းပါသည်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
‌ဒေါက်တာထွန်းကျော်မြင့်Ph.D (Mc.E)(၁၈.၃.၂၀၂၁) မှ ယနေ့ထိ
ဒေါက်တာ ကျော်ကျော်မြင့်Ph.D (Mechanical)( ၂၅.၅.၂၀၁၈) မှ (၁၈.၃.၂၀၂၁)အထိ
ဒေါက်တာ အောင်သိန်းစိုးPh.D (Mechanical)( ၁.၁.၂၀၁၆) မှ ( ၂၅.၅.၂၀၁၈) အထိ