အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ၂၁.၈.၂၀၂၄ ဗုဒ္ဓဟူးနေ့ တွင် အစိုးရနည်းပညာကောလိပ်(မန္တလေး)၏ ခန်းမတွင်ကျင်းပခဲ့ပါသည်။  လူငယ်စကားဝိုင်း အခမ်းအနား အစီအစဥ်ကို အစိုးရနည်းပညာကောလိပ်(မန္တလေး) ကျောင်းအုပ်ဆရာကြီး ‌ဒေါက်တာထွန်းကျော်မြင့် မှအဖွင့်အမှာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွည်ချက်ကို ရှင်းလင်းပြောကြားပေးပါသည်။ ထို့နောက် “မိန်းကလေးများနှင့်အမျိုးသမီးငယ်များအခန်းကဏ္ဍ” ခေါင်းစဥ်ဖြင့် မကြယ်စင်အောင်၊ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဥ်ဖြင့် မဖြူစဥ်ဝင်းသန့်၊ “လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဥ်ဖြင့် မောင်ဝေဘုန်းမိုး၊ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့် မောင်ရဲမင်းမြတ်၊ “လူငယ်နှင့်နည်းပညာ” ခေါင်းစဥ်ဖြင့် မောင်ထင်ရှားနိုင်၊ “လူငယ်နှင့်အားလပ်ချိန်အသုံးချမှု ” ခေါင်းစဥ်ဖြင့်မဝင့်ဝင့်ထည် တို့မှ အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်တွင် တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *